Get a scroller sign at spacemisc.com! =====================================
သုတလင်းမှ အားလုံးကို ကြိုဆိုပါတယ်

ကျုပ်ကိုလည်းကုပေးပါ

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ ထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတဦး စာအုပ် ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီး တွတ်တာ ပြောသမျှကို အဖိုးအိုက အတိုင်းသား ကြားနေရ၏။
ကောင်မလေး က"မောင်၊ ခေါင်းနည်းနည်း မူးလာတယ်"
ကောင်လေး ကနဖူးလေးကို နမ်းလိုက်၏။ ထို့နောက် "မူးသေးလားဟင်"
"ဟင့်အင်း၊ပျောက်သွားပြီ"
အတန်ကြာသောအခါ

ကောင်မလေး က
"မောင်၊ ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေး ကလည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေး ကဘယ်ညာလက် အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဖိုးအိုက အတော်ကို နားကြားပြင်း ကတ်လာ၏။
ထို့ကြောင့် လှမ်းပြောလိုက်၏။
"ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊ ဦးမှာလိပ်ခေါင်းဖြစ်နေလို့"
...............တဲ့

Comments :

0 comments to “ကျုပ်ကိုလည်းကုပေးပါ”

Post a Comment

 

Translate to voice