Get a scroller sign at spacemisc.com! =====================================
သုတလင်းမှ အားလုံးကို ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက တောင်းဆိုခြင်း

NEJ / ၂၇ မေ ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရ အာဏာပိုင်များကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို ပြင်းပြင်း ထန်ထန် ရှုတ်ချ လိုက်ကြောင်း သမ္မတ အိုဘားမားက ယမန်နေ့က စာရေးသားထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ဖမ်းဆီးထားမှုနှင့် အခြေအမြစ်မရှိသည့် တရား စွဲဆိုမှုများသည် နိုင်ငံတကာ အသိုင်းအ၀န်းတွင် တာဝန်သိ နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံ၏ ရပ်တည်မှုကို အလွန်သံသယဖြစ်စရာ ကောင်းသည်ဟုလည်း အမေရိကန် သမ္မတက ထောက်ပြထားသည်။

ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျမ်ယက်တောကို နေအိမ်တွင် လက်ခံခွင့်ပြုသည့်အတွက် တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယမန်နေ့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိ၌ အပြစ်မရှိကြောင်း ချေပသွားခဲ့သည်။

ယမန်နေ့နံနက်ပိုင်း၌ ရဲချုပ်ခင်ရီနဲ့ ရဲမှူးချုပ်မြင့်သိန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း နောက်ထပ် (၆) လထပ်မံတိုးမြှင့်နိုင်သော်လည်း သက်ညှာသောအားဖြင့် တားဆီးမိန့် (၁၀/ခ) ကို ရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများရှေ့၌ ဖတ်ကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာယက်တောအား လက်ခံမှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ဤသတင်းကို ခေတ်ပြိုင်မှကူးယူဖေါ်ပြပါသည်။

Comments :

0 comments to “ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက တောင်းဆိုခြင်း”

Post a Comment

 

Translate to voice