Get a scroller sign at spacemisc.com! =====================================
သုတလင်းမှ အားလုံးကို ကြိုဆိုပါတယ်

ကေအိုင်အေ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ခန့်အပ်

မျိုးကြီး
သောကြာနေ့၊ မေလ 29 2009 16:48 - မြန်မာစံတော်ချိန်

ရွှေလီ(မဇ္ဈိမ) ။ ။ နှစ်လနီးပါးကြာ လစ်လပ်နေခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒု-စစ်ဦးစီးချုပ် ရာထူးအတွက် ဗိုလ်မှူးချုပ် ဂွမ်မော်အား ခန့်အပ်လိုက်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အကြီးဆုံးသော ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့( ကေအိုင်အို) ၏ တပ်မတော်မှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသန မှတ်တမ်းဌာနမှူး ဗိုလ်မှူးကြီးဂွမ်မော်ကို ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်သည်။ ယခင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန်မှာ နယ်စပ်မြို့ လိုင်ဇာတွင် ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်သည် ၁၉ဂဂ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် ကေအိုင်အေသို့ စတင် ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖွဲ့ အရာရှိငယ်အဆင့်မှ ရာထူး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

ဆက်လက်ဖတ်ရှုရန်...

ဟာသလေးများ

တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင် ပြောကြသတဲ့။ အဲ ယောက်ျားဖြစ်သူက computer
crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ
ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့်
ကြမယ်။
ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး
ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက်
ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း
တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့
ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့
အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

မှတ်ချက်။ ။ကိုယ်ပိုင်ရေးသားချင်းမဟုတ်ပါ....

--------------------

.အင်္ဂလိပ်ကြီး တစ်ယောက်ဟာ စပိန် နိုင်ငံကို အလည်အပတ်ရောက် နေခိုက်စပိန် နွားရိုင်း နဲ့ လူနဲ့ တိုက်ခိုက်တဲ့ ပွဲကို ကြုံကြိုက်တာ နဲ့သွားကြည့်လိုက်တယ်..။.......ညရောက်တော့သူ့ရဲ့ ပထမဆုံး နေ့ ညနေ စာ ကို အပြင်သွားစားလိုက်တယ်...။ စားသောက်ဆိုင်က စားပွဲထိုးဆီမှာ ဒီနေ့ အတွက် အထူးဟင်းလျှာ ပေးပါလို့ မှာလိုက်တယ်.....အတော်ကြာမှာတော့ ပန်းကန်တစ်ချပ်နဲ့ စားစရာတွေရောက်လာတယ်..စားစရာတွေကတော့..အာလူးရယ် ပြောင်းဖူးပေါက်ပေါက်ရယ်.. အသားလို့ယူဆရတဲ့အတုံးနှစ်တုံးပါတယ်...။..စားပွဲထိုးကိုမေးလိုက်တယ်..။
""..ဒါဘာဟင်းလဲကွ..""
""..Cojones, လို့ခေါ်ပါတယ်..""
""..ဘာလဲကွာ..Cojones ဆိုတာ..""
""Cojones..ဆိုတာ နေ့လယ်က ကွင်းထဲမှာတိုက်ခိုက်တုန်းက ရှုံးသွားတဲ့ နွားရဲ့ "ဝှေးစေ့" ကိုချက်ထားတာပါ.""
ပထမတော့အင်္ဂလိပ်ကြီး စိတ်ပျက်သွားတယ်... နောက်တော့.. ဒေသဆိုင်ရာ အစားအသောက် သစ်တွေမြည်းစမ်း ကြည့်ချင်တာကြောင့် စားဖို့ဆုံးဖြတ်လိုက်တယ်။ အံ့သြသွားလောက်အောင် အရသာ ရှိမှန်းသူသိလိုက်တယ်။ နောက်နေ့ညလဲ လာမှာစားဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်...။
...ဒီတစ်ညမှာတော့ စားပွဲထိုးက မနေ့နဲ့မတူပဲ ပိုပြီးသေးတဲ့ အသားတွေထည့်ထားတဲ့ ပန်းကန်တစ်ချပ်လာချပေးလိုက်တယ်..။ အင်္ဂလိပ်ကြီးမကြေမနပ်ဖြစ်သွားတယ်... ''''ဒါဘာလဲကွ''''
''''ဒါ..Cojones ပါလူကြီးမင်း''''
''''မဟုတ်သေးဘူးထင်တယ် ငါမနေ့ကဒီကို.. Cojones လာစားပြီးသွားပြီ ဒီထက်အများကြီးကြီးတယ်ကွ''''
''''နွားက အမြဲတမ်း ရှုံးနေတယ်ထင်လို့လား လူကြီးမင်း""

သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

--------------

ဒါလေးက တော်တော်များများ ကြားဖူးပြီးသားဖြစ်မှာပါ .. ။ ဒါပေမယ့် မသိတဲ့လူတွေ ပြုံးပျော်နိုင်စေဖို့ တင်ပေးလိုက်တာပါ ။

စိတ္တဇဆေးရုံတစ်ခုမှာပေါ့ ။ ဆရာဝန်ကြီးက သူ့လူနာ သုံးယောက်ရဲ့ အခြေအနေတွေကို စမ်းသပ်ပါတယ် ။ တိုးတက်မှု ရှိမရှိကိုပေါ့ ။ လူနာက အားလုံးပေါင်း သုံးယောက်ပါ ။

ဆရာဝန်ကြီး စမ်းသပ်ပုံက အဲ့ဒီလူနာ သုံးယောက်ကို ပန်းကန်လုံးအလွတ်တစ်လုံးစီရယ် ဇွန်းတစ်ချောင်းစီရယ် ပေးထားတယ်ဗျ ။ ပြီးတော့ .. ဆန်ပြုတ်သောက်ကြလေဆိုပြီး ရောဂါအခြေအနေကို စမ်းသပ်တာပေါ့ ။ ဘာမှမရှိတဲ့ ပန်ကန်လုံးကိုပေးပြီး ဆန်ပြုတ်လို့ပြောပြီးသောက်ခိုင်းတာဆိုတော့ .. မသောက်တဲ့လူနာဟာ အခြေအနေတိုးတက်လာပြီပေါ့လေ ။ ဒါက ဆရာဝန်ကြီးရဲ့ အမြင်ပါ ။

လူနာ ၁ (မောင်စူပါ ) ။ ။ (ပန်းကန်လုံးထဲမှ အားပါးတရခပ်သောက်ရင်း) ... ကောင်းလိုက်တာဗျာ .. ကျုပ်တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ကောင်းတဲ့ ဆန်ပြုတ် တစ်ခါမှ မသောက်ဖူးဘူး .. ရှလွတ် ... ဘီယာနဲ့သာ မြည်းလိုက်ရရင်တော့ကွာ .. ကလောက်စ် ( တောက်ခေါက်သံ )

လူနာ ၂ (ဥက္ကလာပ) ။ ။ (ပါးစပ်ကို အင်္ကျီလက်ဖြင့်ပွတ်ရင်း) ... ဟေ့ကောင် .. စူပါကြီး .. ငါ့အတွက် ချန်ထားဦးဟ .. ငါ့ပန်းကန်ထဲက ဟာက .. သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာကုန်သွားပြီဟ .. ခွီးးးးးးးးးးးးးးးးးးး

လူနာ ၃ (ဒိုးဒိုး) ။ ။ ( ဘာစကားမှ မပြောပဲ ပန်းကန်လုံးကိုသာ မျက်လုံးသေဖြင့် ထိုင်ကြည့်နေသည်။ )

ဆရာဝန်ကြီး ဦးဦးရော့ခ်ကာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ... မောင်ဒိုးဒိုးတစ်ယောက်တော့ ရောဂါအခြေအနေတိုးတက်လာချေပြီဟု ပြုံးသည်။ ထို့နောက် ..

ဆရာဝန်ကြီး ဦးဦးရော့ခ်ကာ ။ ။ မောင်ဒိုးဒိုး .. သောက်လကွာ .. ဘာလဲ .. ဆန်ပြုတ်မကြိုက်လို့လား ?

လူနာ ၃ (ဒိုးဒိုး) ။ ။ အာ !!! ခင်ညားကြီး ဘာနားလည်လို့လဲ .. ဒီလောက်ပူနေတာ သောက်ရင် လျှာကျက်သွားမှာပေါ့ .. ဒါလေးတောင် မသိဘူးလား .. ပြောတော့ဖြင့် ဆရာဝန်တဲ့ ... လူကို အရူးများ မှတ်နေလား ... ဟွင့် ~~ !!!!!!!!

ဆက်လက်ဖတ်ရှုရန်...

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

----------

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အင်္ကျီ အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။

နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းမ ဖုန်းဆက်လို့

------------

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမော အိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလို စမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိ ကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါ နေတာပဲ မဟုတ်လား”

ဆက်လက်ဖတ်ရှုရန်...

ဆရာဝန်ရဲ့ နောက်ဆုံးစကား

A 20-yr old pretty, sexy and sensual girl went to see a psychiatrist.

- အသက်နှစ်ဆယ်ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့ လာဆွေးနွေးပါတယ်..


'Doctor, I'm so angry at my boyfriend that I must call him Bastard.

I feel that he's gone too far, and he deserves it.'

- "ဆရာ.. ကျမရည်းစားကို အရမ်းစိတ်ဆိုးတာပဲ... မျိုးမစစ်လို့တောင် ခေါ်သင့်တယ်...

သူ အရမ်းကို လွန်တာပဲ... တကယ်ပါပဲ"


'Hmm? Such a word is strong and rude.But may be you have

your own reasons. Tell me about it so that I can help you.'

- "ဟင်း... အရမ်း ရင့်သီးတဲ့ စကားလုံးပဲကွယ့်... ဒါပေမဲ့ မင်းမှာ အကြောင်းတော့ရှိမှာပေါ့လေ..

ငါ ကူညီနိုင်ရအောင် အဲဒီအကြောင်းပြောပြပါဦး..."


'Yes, thank you, Doctor. There was one night...we parked our car

besides the beach and we were alone... and... he held my hand....'

- "ဟုတ်ကဲ့ ဆရာ.. ဟိုတစ်ညကပေါ့... ကျမတို့ ကမ်းခြေတခုမှာ ကားရပ်ထားပြီး နေကျတုန်းက...

အဲဒီမှာ လူလည်း ပြတ်တယ်လေ... အဲဒီအချိန် သူက ကျမလက်ကို ကိုင်လိုက်တယ်.."

'Did he hold your hand like this?'

- "မင်းလက်ကို ဒီလိုကိုင်လိုက်တာလား"


'Yes, Doctor. Exactly like how you're holding it now'

- "ဟုတ်တယ် ဆရာ... ခုဆရာ ကိုင်ထားသလိုပဲ..."


'If it's only this, he doesn't deserve to be called Bastard. It means

he doesn't want to be separated from you.'

- "အဲဒါကြောင့်ပဲ ဆိုရင်တော့ မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်..

အဲဒါက မင်းနဲ့ မဝေးချင်ဘူးဆိုတဲ့ သဘောလေ.."


'Then, he leaned his body towards me... and hugged me...'

- "ပြီးတော့... သူက ကျမဖက်ကို တိုးလာပြီး.. ကျမကို ဖက်လိုက်တယ်..." Your browser may not support display of this image.


'Like this?'

- "ဒီလိုလား"


'Yes, Doctor. Exactly like how you're doing.'

- "ဟုတ်တယ် ဆရာ.. ဆရာလုပ်သလိုပဲ"


'It's not a Bastard. It means he wanna stay forever by your side'

- "ဒါလည်း မျိုးမစစ်လို့ မခေါ်ပါဘူးကွယ်.. မင်းနဲ့အနားမှာ ထာဝရနေချင်တယ်လို့ ဆိုလိုတာလေ.."


'Then he kissed me...'

- "ပြီးတော့ ကျမကို နမ်းတယ်.."


'Like this?'

- "ဒီလိုလား"


'Yes, Doctor. Exactly like how you're kissing me.'

- "ဟုတ် ဆရာ... ဆရာ ခုနမ်းတဲ့အတိုင်းပဲ.."


'If its only a kiss like this, seriously you can't call him Bastard.

it means he adores you.'

- "အလို နမ်းတာလေးနဲ့တော့ မျိုးမစစ်လို့ ပြင်းပြင်းထန်ထန် မခေါ်သင့်ပါဘူးကွယ်..

မင်းကို ကြင်နာတဲ့ အပြုအမူပါ..."


'Then he put his hands inside my clothes and touched my boobs, Doc...'

- "ပြီးတော့ သူ ကျမအင်္ကျီထဲ လက်ထည့်လိုက်တယ်... ဆရာ"


'Like this?'

- "ဒီလိုလေးလား"



'Yes, Doctor... exactly like that'

- "ဟုတ်... ဆရာ အဲဒီလိုပဲ.."


'It's not behavior of a bastard. It means he wants to protect you.'

- "ဒါလည်း မျိုးမစစ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးကွယ်... မင်းကို ကာကွယ်ချင်တဲ့ သဘောပါ..."


'Then he took off all my clothes... slowly... '

- "ပြီးတော့ သူ ကျမ အ၀တ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်"


'Did you resist?'

- "မင်း ငြင်းသေးလား"


'No. I let him do it, coz I love him...'

- "ဟင်အင်း... ကျမ သူ့ကို ချစ်တော့ သူသဘောအတိုင်းပါပဲ.." Your browser may not support display of this image.


'Did he take off your clothes like this?'

- "မင်း အ၀တ်အစားတွေကို ဒီလိုချွတ်လိုက်တာလား.."


'Yes, Doctor. Until I'm completely naked like now......'

- "ဟုတ်တယ် ဆရာ.. ခုလို အ၀တ်အစားမဲ့သွားတဲ့တိုင်အောင်ပဲ..."


'He still doesn't deserve to be called 'Bastard, because it means he

wanna learn about your body completely.'

- "ခုထိ သူ့ကို မျိုးမစစ်လို့ ခေါ်စရာ အကြောင်းမရှိသေးဘူးကွယ်..

ဘာလို့လဲဆိုတော့ သူက မင်းရဲ့ တကိုယ်လုံး စူးစမ်းချင်လို့ပဲလေ.."



'Then he kissed me and put his **** inside me and had **x with me...'

- "ပြီးတော့ သူ ကျမကို နမ်းပြီး... ကျမနဲ့ ချစ်တင်းနှောတယ်..." Your browser may not support display of this image.Your browser may not support display of this image.

.......................



'Did he do it just like what we do?'

- "ခုငါတို့ လုပ်နေသလိုမျိုး သူလုပ်တာလား"


'Yes, Doctor. Exactly the same'

- "အင်း... ခုလိုအတိအကျပါပဲ ဆရာရယ်..."


'You still can't call him Bastard. It means he needs you.'

- "မျိုးမစစ်လို့ မခေါ်သင့်သေးပါဘူးကွယ်... သူအတွက် မင်းရှိဖို့

လိုအပ်တယ်ဆိုတဲ့ သဘောပဲလေ..."


'But then he told me that he has AIDS'

- "ဒါပေမဲ့... သူက သူ့မှာ အေအိုင်ဒီအက်စ် ရှိနေတယ်လို့ ကျမကို ပြောလိုက်တယ်လေ..." Your browser may not support display of this image.


All the staff and patients outside heard the doctor screaming,'

- အပြင်ဘက်က လူနာတွေ့နဲ့ ဆေးခန်းဝန်ထမ်းတွေ ဆရာဝန်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတယ်..

ဆက်လက်ဖတ်ရှုရန်...

မန်မာပြည်မှာ တစ်တိုင်းပြည်လုံးက တော်လှန်လို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားချိန် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးလည်း (နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ဆိုပြီး) ကိုယ်လွတ်ရုံး ပြေးကြတာပေါ့။

သူတို့နှစ်ယောက်ဟာ တောထဲမှာ မျက်စိလည် လမ်းမှားပြီး လမ်းပျောက်နေပါတယ်။ ဒါကို သစ်ခုတ်သမား တစ်ယောက်က ကယ်ပြီး အိမ်ကိုခေါ်လာတယ်။ ညရောက်တော့ စစ်သားဇာတိ ပြလာပါတော့တယ် သူတို့ နှစ်ယောက်က သစ်ခုတ်သမားရဲ့ သမီးကို စော်ကားကြတယ်။ ဒါနဲ့ သစ်ခုတ်သမားလည်း အလွန်စိတ်ဆိုးပြီး သတ်မယ် လုပ်ပါရော။ သူတို့ နှစ်ယောက်လည်း သစ်ခုတ်သမားကို မသတ်ဖို့ ဒူးထောက် တောင်းပန်တာပေါ့။ ဒါနဲ့ သစ်ခုတ်သမားလည်း အခွင့်အရေး ပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး ၁၀ လုံးစီ ခူးခဲ့ပါလို့ ပြောလိုက်တယ်။ မကြာခင်မှာ ဗိုလ်မောင်အေးက မက်မန်းသီး ၁၀လုံး ကို ယူပြီး ပြန်လာပါတယ်၊ သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကို ထည့်ရမယ်၊ တကယ်လို့ ၁၀လုံး စလုံး ထည့်ပြီးတာတောင် တစ်ချက်မျှ မရယ်ရင် အသက်ချမ်းသာခွင့် ပေးမယ်တဲ့၊ ဒါနဲ့ ဗိုလ်မောင်အေးလည်း ထည့်နေလိုက်တာ ၉ လုံးမြောက်လည်း ရောက်ရော အားပါးတရ ရယ်လိုက်လို့ အသတ် ခံလိုက်ရပါတယ်။ ယမမင်းဆီကို ရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးလောက် သည်းခံလိုက်ရင် မင်းသေစရာ မလိုတော့ဘူး၊ ဘာကြောင့် ရယ်ရတာလဲ" လို့ မေးတော့ ဗိုလ်မောင်အေးက အရယ်ကို မရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျနော်မျိုး မရယ်ဘဲနဲ့ ၁၀လုံး စလုံး ထည့်နိုင်ပါတယ်၊ ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော်တို့ရဲ့ တပ်ချုပ်ကြီးက ဒူးရင်းသီး ၁၀ လုံးကို သယ်လာတာ တွေ့လိုက်ရလို့ ပါ။" တဲ့....

ဆက်လက်ဖတ်ရှုရန်...

ဒီတသက်တော့ကလေးအဖေမဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )

အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။

ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)

လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး..။

----------------

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ "ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က me too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary' husband, and you? har har.
မိုရီ။ ။ Me too, har har har

ဆက်လက်ဖတ်ရှုရန်...

ကျုပ်ကိုလည်းကုပေးပါ

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ ထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတဦး စာအုပ် ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီး တွတ်တာ ပြောသမျှကို အဖိုးအိုက အတိုင်းသား ကြားနေရ၏။
ကောင်မလေး က"မောင်၊ ခေါင်းနည်းနည်း မူးလာတယ်"
ကောင်လေး ကနဖူးလေးကို နမ်းလိုက်၏။ ထို့နောက် "မူးသေးလားဟင်"
"ဟင့်အင်း၊ပျောက်သွားပြီ"
အတန်ကြာသောအခါ

ကောင်မလေး က
"မောင်၊ ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေး ကလည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေး ကဘယ်ညာလက် အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဖိုးအိုက အတော်ကို နားကြားပြင်း ကတ်လာ၏။
ထို့ကြောင့် လှမ်းပြောလိုက်၏။
"ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊ ဦးမှာလိပ်ခေါင်းဖြစ်နေလို့"
...............တဲ့

ဆက်လက်ဖတ်ရှုရန်...

ကျွန်

Tuesday, January 22, 2008
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ကောင်းကင်ကို

Ref:ကောင်းကင်ကိုမှကူးယူသည်

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက တောင်းဆိုခြင်း

NEJ / ၂၇ မေ ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရ အာဏာပိုင်များကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို ပြင်းပြင်း ထန်ထန် ရှုတ်ချ လိုက်ကြောင်း သမ္မတ အိုဘားမားက ယမန်နေ့က စာရေးသားထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ဖမ်းဆီးထားမှုနှင့် အခြေအမြစ်မရှိသည့် တရား စွဲဆိုမှုများသည် နိုင်ငံတကာ အသိုင်းအ၀န်းတွင် တာဝန်သိ နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံ၏ ရပ်တည်မှုကို အလွန်သံသယဖြစ်စရာ ကောင်းသည်ဟုလည်း အမေရိကန် သမ္မတက ထောက်ပြထားသည်။

ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျမ်ယက်တောကို နေအိမ်တွင် လက်ခံခွင့်ပြုသည့်အတွက် တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယမန်နေ့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိ၌ အပြစ်မရှိကြောင်း ချေပသွားခဲ့သည်။

ယမန်နေ့နံနက်ပိုင်း၌ ရဲချုပ်ခင်ရီနဲ့ ရဲမှူးချုပ်မြင့်သိန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း နောက်ထပ် (၆) လထပ်မံတိုးမြှင့်နိုင်သော်လည်း သက်ညှာသောအားဖြင့် တားဆီးမိန့် (၁၀/ခ) ကို ရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများရှေ့၌ ဖတ်ကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာယက်တောအား လက်ခံမှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ဤသတင်းကို ခေတ်ပြိုင်မှကူးယူဖေါ်ပြပါသည်။

ဆက်လက်ဖတ်ရှုရန်...

အိပ်ခြင်းလေးမျိုး...

သေယျာသုတ် - (အိပ်ရာ၊ အိပ်ခြင်း၊ လျောင်းခြင်း)

ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁... ပြိတ္တာတို့၏အိပ်ခြင်း၊
၂... ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း၊
၃... ခြင်္သေ့တို့၏ အိပ်ခြင်း၊
၎... မြတ်စွာဘုရားတို့၏ အိပ်ခြင်းတို့တည်း။

၁...
ရဟန်းတို့ ပြိတ္တာတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း...
ရဟန်းတို့ ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက် အိပ်ကုန်၏။
ရဟန်းတို့ ဤသည်ကို ပြိတ္တာတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ် ကုန်၏။
ရဟန်းတို့ ဤသည်ကို ကာမဂုဏ် ခံစားသူတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ခြင်္သေ့တို့၏ အိပ်ခြင်း ဟူသည် အဘယ်နည်း၊
ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ ပေါင်အတွင်း၌ အမြီးကို ထည့်သွင်းလျက် လက်ယာ နံပါးဖြင့် အိပ်၏၊ ထို ခြင်္သေ့သည် အိပ်ရာမှ နိုးလတ်သော် ရှေ့ပိုင်းကိုယ်ကို စဉ်းငယ်ညွှတ်စေ၍ နောက်ပိုင်းကိုယ်ကို စောင်းလှည့်၍ ကြည့်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန်နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကိုလည်းကောင်း အကယ်၍ မြင်ရအံ့၊ ရဟန်းတို့ ထိုသို့ မြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် မနှစ်မြို့ခြင်း ဖြစ်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန် နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကို လည်းကောင်း အကယ်၍ မမြင်အံ့၊ ရဟန်းတို့ ထိုသို့ မမြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် နှစ်မြို့၏။ ရဟန်းတို့ ဤသည်ကို ခြင်္သေ့တို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

၎...
ရဟန်းတို့ မြတ်စွာဘုရားတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မြတ်စွာ ဘုရားတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုး တို့တည်း ဟု(မိန့်တော်မူ၏)။ 246

၎- သေယျာသုတ်၊ အာပတ္တိဘယ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

...

Ref: ဗုဒ္ဓဓမ္မ နှလုံးလှ

ဆက်လက်ဖတ်ရှုရန်...

 

Translate to voice