Get a scroller sign at spacemisc.com! =====================================
သုတလင်းမှ အားလုံးကို ကြိုဆိုပါတယ်

    gmail ပိုင်ရှင်ဘယ်နိုင်ငံကလဲသိချင်ရင်

gmail

လိပ်စာတစ်ခုသိရုံဖြင့်အဲဒီလူရဲ့  location ကို ရှာဖွေနိုင်ပါသည်။ အရမ်းမခက်ပါဘူး။
website တွေကနေ ရှာဖွေတာပါ။ပြီးတော့ ကိုပို့ လိုက်တဲ့အီးမေးကို
သူဖတ်လားမဖတ်လားဆိုတာလဲသတင်းပို့ ပေးတဲ့ အခြေနေတစ်ခု
ကျွန်တော်တို့ ပိုင်ဆိုင်နိုင်ပါပြီ။ website ၂ခုပဲ အသုံးပြုရမှာပါ။

(၁) firefox ဖြစ်ဖြစ် ie ဖြစ်ဖြစ် browser တစ်ခုကနေ http://www.spypig.com/ ကိုဖွင့်လိုက်ပါ။

(၂) အဲဒီbrowser ကနေပဲနောက်ဝင်းဒိုးတစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ထဲကိုဝင်ပါ။

(၃) Spypig ရဲ့ Step1 your email address နေရာမှာ မှာ ကိုယ့် email လိပ်စာကိုရေးပါ။

(၄)Step2 your message title မှာ ပုံမှန်မေးပို့ နေကြအတိုင်းအကြောင်းအရာတစ်ခုထည့်လိုက်ပါ။
(example; mingalarpar) စသဖြင့်ပေါ့။ ဘာဖြစ်ဖြစ်ပါ။

(၅) Step3 Select your SpyPig tracking imageမှာသူပေးထားတဲ့ ပုံတွေထဲမှာ ကိုယ်ကြိုက်တာကို ရွေးပါ။

(၆) Step4 Number of notifications to receive မှာ 3 ကိုရွေးပါ။

(၇) Step 5 Click to Activate My Spypig ဆိုတာ လေးကို နှိပ်လိုက်ပါ။

ပြီးတော့ ၁ မိနစ်စောင့်ပြီးရင် ပုံလေးတစ်ပုံရပါလိမ့်မယ်

အဲဒီပုံလေးကို mouse ဖြင့်နှိပ်ဆွဲယူလာပြီး Gmail ဖွင့်ထားတဲ့ Tab နေရာထိဆွဲယူသွားပါ။
gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။
ပြီးရင် ကိုရေးချင်တဲ့ အကြောင်းရာတစ်ခုခုရေးပြီးပို့ ချင်တဲ့သူကိုပို့ လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ ထိုသူ Mail ဖတ်ပြီးတဲ့အကြောင်း
သတင်းအချက်လက်တွေကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ ထိုသူရဲ့ IP လည်း ပါလာပါလိမ့်မယ်။
အဲဒါဆိုရင်တော့အဲဒိသူရဲ့  IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာသိချင်ရင်တော့

http://www.ip2location.com/free.asp ကိုဖွင့်လိုက်ပါ။

ပြီးရင်စောစောကရတဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်ပြီးFind location ကိုနှိပ်လိုက်ပါ။

်အဲဒါဆိုရင် အဲဒီသူ ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ အဲဒီနည်းနဲ့ အွန်လိုင်းပေါ်က
location လိမ်တဲ့သူတွေကိုဖမ်းလို့ ရပြီပေါ့။ အားလုံးပဲကျေနပ်ပျော်ရွှင်နိုင်ကြပါစေဗျာ

Invisible ကိုဖမ်းချင်ရင် gtalk ကိုအရင်ဖွင့်။ ပြီးရင်ကိုဖမ်းချင်တဲ့သူရဲ့ နစ်ကိုကလစ်
ပြီးရင်ကျလာတဲ့ box လေးရဲ့ ညာဘက်မှာ တြိဂံပုံ လေးကိုနှိပ်ရင်
send voice mail./email./ go off the record စသဖြင့်တွေ့ လိမ့် မယ်
အဲဒီမှာ go off the record ကို ကလစ်။ ပြီးရင် သူ့ ဆီစာရိုက်ကြည့်အဲဒီမှာ
( @gmail.com is offline and can't receive messages right now..)
အဲဒီစာပေါ်လာရင်သူတကယ်မရှိတာ။ အဲဒီမက်ဆေ့မပေါ်ရင်တော့
သူ invisible လုပ်ထားတာသေချာနေပြီ။ နင်ရှိနေတာငါသိတယ်ဆိုပြီးဖမ်းလိုက်ပေါ့

ခင်မင်လေးစားလျှက်...

ဆက်လက်ဖတ်ရှုရန်...

A,B,C,D ဟာသများနှင့်အခြားဟာသ၀တ္တုများ

.အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်း လေမုန်
တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။ မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှူး နေရမှာလဲ
..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီး ဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ
အန္တရာဃ်တွေဟူ သမျှကို ဟော
(D) ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
၊ဘယ်လောက်တောင်မေ့ အပေါ် စွဲ လမ်းသလဲ ဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ
သေးတယ်၊ ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့ကတော့ ကြင်နာသူက လမ်းခွဲသွားရင်
ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို
ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူ ခွင့်ပြုပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့ လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ...
ကိုယ်တောင်းခံထားတဲ့ အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေ့ တိုင်းလည်း
ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊
ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပေါ့၊
နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊
မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ
သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ
ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်း ဖွင့်(M)ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ
အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ့်သူပါ၊
သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ
မ(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း
မ(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊
နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ .......
မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ
အင်ဂျင်(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´
....................................................................................................
အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...
သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။
ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။
ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။
ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......
ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်
ကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....
ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။
မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။
"ဟိတ်...တို့ကို တခုကူညီပါလား"
မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊
ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သိအောင် ဖွင့်ပြောရမယ်။
"မောင်"
အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။
မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။
"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"
မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................

ဆက်လက်ဖတ်ရှုရန်...

ဟာသများ

ဟာသများ

ဆက်လက်ဖတ်ရှုရန်...

ဟာသများရယ်ရတယ်နော်

သမီးရည်းစား



ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်
(လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...အိပ်ထဲမှာ
ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)
ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ်
(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)

မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ
(မြန်မြန်ပြန်ကောင်းမှာစိုးလို့)

မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်ရင် ရင်ထဲမှာဆို့နေတာပဲ
(၀မ်းသာလုံး.......၀မ်းသာလုံး)

ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ
(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)

ကိုယ်လေမင်းနဲ့လျှောက်လည်ရင် ရင်တွေအရမ်းခုန်တာပဲ
(တိုးမှာစီုးလို့......တိုးမှာစီုးလို့)

ကိုယ်လေမင်းနဲ့လက်ထပ်ရမှာကို ရင်ခုန်နေတယ်
(ဈေးဝယ်ရ......ချက်ပြုတ်ရ...လျှော်ဖွှတ်ရ တော့မယ်)

ဟဲ...ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။
=======================================================

မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….

Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…

Where u go?

Reclining Buddha. (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက

Yes. Yes. 1500 kyats.

Ok.

ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….
ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….

-------------------------------------------------------------------------------------------------------------------

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..

ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…

Are u crazy?

အာ ယူ ကလေးစီး… တဲ့....

ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း

လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….

------------------------------------------------------------------------------------------------------------------------------

ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..

အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

How much is it? (ဘယ်လောက်လဲ)

It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

Oh… very Expensive….

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

-----------

တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

Where is toilet? ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ...... ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…

ဆက်လက်ဖတ်ရှုရန်...

ကေအိုင်အေ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ခန့်အပ်

မျိုးကြီး
သောကြာနေ့၊ မေလ 29 2009 16:48 - မြန်မာစံတော်ချိန်

ရွှေလီ(မဇ္ဈိမ) ။ ။ နှစ်လနီးပါးကြာ လစ်လပ်နေခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒု-စစ်ဦးစီးချုပ် ရာထူးအတွက် ဗိုလ်မှူးချုပ် ဂွမ်မော်အား ခန့်အပ်လိုက်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အကြီးဆုံးသော ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့( ကေအိုင်အို) ၏ တပ်မတော်မှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသန မှတ်တမ်းဌာနမှူး ဗိုလ်မှူးကြီးဂွမ်မော်ကို ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်သည်။ ယခင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန်မှာ နယ်စပ်မြို့ လိုင်ဇာတွင် ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်သည် ၁၉ဂဂ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် ကေအိုင်အေသို့ စတင် ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖွဲ့ အရာရှိငယ်အဆင့်မှ ရာထူး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

ဆက်လက်ဖတ်ရှုရန်...

ဟာသလေးများ

တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင် ပြောကြသတဲ့။ အဲ ယောက်ျားဖြစ်သူက computer
crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ
ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့်
ကြမယ်။
ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး
ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက်
ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း
တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့
ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့
အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

မှတ်ချက်။ ။ကိုယ်ပိုင်ရေးသားချင်းမဟုတ်ပါ....

--------------------

.အင်္ဂလိပ်ကြီး တစ်ယောက်ဟာ စပိန် နိုင်ငံကို အလည်အပတ်ရောက် နေခိုက်စပိန် နွားရိုင်း နဲ့ လူနဲ့ တိုက်ခိုက်တဲ့ ပွဲကို ကြုံကြိုက်တာ နဲ့သွားကြည့်လိုက်တယ်..။.......ညရောက်တော့သူ့ရဲ့ ပထမဆုံး နေ့ ညနေ စာ ကို အပြင်သွားစားလိုက်တယ်...။ စားသောက်ဆိုင်က စားပွဲထိုးဆီမှာ ဒီနေ့ အတွက် အထူးဟင်းလျှာ ပေးပါလို့ မှာလိုက်တယ်.....အတော်ကြာမှာတော့ ပန်းကန်တစ်ချပ်နဲ့ စားစရာတွေရောက်လာတယ်..စားစရာတွေကတော့..အာလူးရယ် ပြောင်းဖူးပေါက်ပေါက်ရယ်.. အသားလို့ယူဆရတဲ့အတုံးနှစ်တုံးပါတယ်...။..စားပွဲထိုးကိုမေးလိုက်တယ်..။
""..ဒါဘာဟင်းလဲကွ..""
""..Cojones, လို့ခေါ်ပါတယ်..""
""..ဘာလဲကွာ..Cojones ဆိုတာ..""
""Cojones..ဆိုတာ နေ့လယ်က ကွင်းထဲမှာတိုက်ခိုက်တုန်းက ရှုံးသွားတဲ့ နွားရဲ့ "ဝှေးစေ့" ကိုချက်ထားတာပါ.""
ပထမတော့အင်္ဂလိပ်ကြီး စိတ်ပျက်သွားတယ်... နောက်တော့.. ဒေသဆိုင်ရာ အစားအသောက် သစ်တွေမြည်းစမ်း ကြည့်ချင်တာကြောင့် စားဖို့ဆုံးဖြတ်လိုက်တယ်။ အံ့သြသွားလောက်အောင် အရသာ ရှိမှန်းသူသိလိုက်တယ်။ နောက်နေ့ညလဲ လာမှာစားဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်...။
...ဒီတစ်ညမှာတော့ စားပွဲထိုးက မနေ့နဲ့မတူပဲ ပိုပြီးသေးတဲ့ အသားတွေထည့်ထားတဲ့ ပန်းကန်တစ်ချပ်လာချပေးလိုက်တယ်..။ အင်္ဂလိပ်ကြီးမကြေမနပ်ဖြစ်သွားတယ်... ''''ဒါဘာလဲကွ''''
''''ဒါ..Cojones ပါလူကြီးမင်း''''
''''မဟုတ်သေးဘူးထင်တယ် ငါမနေ့ကဒီကို.. Cojones လာစားပြီးသွားပြီ ဒီထက်အများကြီးကြီးတယ်ကွ''''
''''နွားက အမြဲတမ်း ရှုံးနေတယ်ထင်လို့လား လူကြီးမင်း""

သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

--------------

ဒါလေးက တော်တော်များများ ကြားဖူးပြီးသားဖြစ်မှာပါ .. ။ ဒါပေမယ့် မသိတဲ့လူတွေ ပြုံးပျော်နိုင်စေဖို့ တင်ပေးလိုက်တာပါ ။

စိတ္တဇဆေးရုံတစ်ခုမှာပေါ့ ။ ဆရာဝန်ကြီးက သူ့လူနာ သုံးယောက်ရဲ့ အခြေအနေတွေကို စမ်းသပ်ပါတယ် ။ တိုးတက်မှု ရှိမရှိကိုပေါ့ ။ လူနာက အားလုံးပေါင်း သုံးယောက်ပါ ။

ဆရာဝန်ကြီး စမ်းသပ်ပုံက အဲ့ဒီလူနာ သုံးယောက်ကို ပန်းကန်လုံးအလွတ်တစ်လုံးစီရယ် ဇွန်းတစ်ချောင်းစီရယ် ပေးထားတယ်ဗျ ။ ပြီးတော့ .. ဆန်ပြုတ်သောက်ကြလေဆိုပြီး ရောဂါအခြေအနေကို စမ်းသပ်တာပေါ့ ။ ဘာမှမရှိတဲ့ ပန်ကန်လုံးကိုပေးပြီး ဆန်ပြုတ်လို့ပြောပြီးသောက်ခိုင်းတာဆိုတော့ .. မသောက်တဲ့လူနာဟာ အခြေအနေတိုးတက်လာပြီပေါ့လေ ။ ဒါက ဆရာဝန်ကြီးရဲ့ အမြင်ပါ ။

လူနာ ၁ (မောင်စူပါ ) ။ ။ (ပန်းကန်လုံးထဲမှ အားပါးတရခပ်သောက်ရင်း) ... ကောင်းလိုက်တာဗျာ .. ကျုပ်တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ကောင်းတဲ့ ဆန်ပြုတ် တစ်ခါမှ မသောက်ဖူးဘူး .. ရှလွတ် ... ဘီယာနဲ့သာ မြည်းလိုက်ရရင်တော့ကွာ .. ကလောက်စ် ( တောက်ခေါက်သံ )

လူနာ ၂ (ဥက္ကလာပ) ။ ။ (ပါးစပ်ကို အင်္ကျီလက်ဖြင့်ပွတ်ရင်း) ... ဟေ့ကောင် .. စူပါကြီး .. ငါ့အတွက် ချန်ထားဦးဟ .. ငါ့ပန်းကန်ထဲက ဟာက .. သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာကုန်သွားပြီဟ .. ခွီးးးးးးးးးးးးးးးးးးး

လူနာ ၃ (ဒိုးဒိုး) ။ ။ ( ဘာစကားမှ မပြောပဲ ပန်းကန်လုံးကိုသာ မျက်လုံးသေဖြင့် ထိုင်ကြည့်နေသည်။ )

ဆရာဝန်ကြီး ဦးဦးရော့ခ်ကာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ... မောင်ဒိုးဒိုးတစ်ယောက်တော့ ရောဂါအခြေအနေတိုးတက်လာချေပြီဟု ပြုံးသည်။ ထို့နောက် ..

ဆရာဝန်ကြီး ဦးဦးရော့ခ်ကာ ။ ။ မောင်ဒိုးဒိုး .. သောက်လကွာ .. ဘာလဲ .. ဆန်ပြုတ်မကြိုက်လို့လား ?

လူနာ ၃ (ဒိုးဒိုး) ။ ။ အာ !!! ခင်ညားကြီး ဘာနားလည်လို့လဲ .. ဒီလောက်ပူနေတာ သောက်ရင် လျှာကျက်သွားမှာပေါ့ .. ဒါလေးတောင် မသိဘူးလား .. ပြောတော့ဖြင့် ဆရာဝန်တဲ့ ... လူကို အရူးများ မှတ်နေလား ... ဟွင့် ~~ !!!!!!!!

ဆက်လက်ဖတ်ရှုရန်...

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

----------

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အင်္ကျီ အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။

နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းမ ဖုန်းဆက်လို့

------------

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမော အိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလို စမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိ ကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါ နေတာပဲ မဟုတ်လား”

ဆက်လက်ဖတ်ရှုရန်...

 

Translate to voice